Laurel ကိုယ်တိုင် စီမံပြုလုပ်ပေးထားတဲ့ အဆောင်ပစ္စည်းလေးတွေဖြစ်ပါတယ်

Honey Keychain
အလုပ်ခွင်မှာ နေရာရချင်သူများ၊ ရာထူးတိုးချင်သူများ၊ အလုပ်ကံ နိုင်ငံခြားကံအပြင် စီးပွားလာဘ်လာဘနှင့် protection ပါ တစ်ပြိုင်တည်း လိုချင်သူများအတွက်ပါ။ Clover charm လေးလည်းပါလို့ ကံမြင့်လိုသူများလည်းဆောင်ဖို့သင့်ပါတယ်။ သုံးထားတဲ့ crystal များ ရဲ့ benefits Tiger Eye (ခွန်အားနှင့်ယုံကြည်မှု) - ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးနေချိန်မှာ စိတ်ဓာတ်ခွန်အား ပြန်လည်ဖြည့်တင်းပေးဖို့နဲ့ အလုပ်အကိုင်၊ ငွေကြေးကံတွေ တက်လာအောင် လမ်းဖွင့်ပေးဖို့၊ negative energy တွေကနေကာကွယ်ဖို့။ Aquamarine (စိတ်ကြည်လင်ခြင်းနှင့် ရဲရင့်ခြင်း) - Communication အတွက် အဓိက သုံးတာပါ။ စိတ်ကို ရေလိုအေးမြစေပြီး တစ်ဖက်လူနဲ့ နားလည်မှုလွဲတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နားလည်မှုလွဲတာတွေကိုလည်း ပြေလည်စေပါတယ်။ Howlite (တည်ငြိမ်မှုနှင့် စိတ်ရှည်မှု) - စိတ်ဖိစီးမှုများတဲ့ လုပ်ငန်းခွင် ဒါမှမဟုတ် ပြဿနာတွေကြားမှာ ဒေါသကို ထိန်းချုပ်နိုင်ဖို့နဲ့ အမှားအယွင်းမရှိ တည်ငြိမ်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့အတွက်။

Lucky keychain
🍀 အရွက်အစစ်မဟုတ်ပါ‼️🎁 🍀“Luck for you” ဆိုတာလေးကenergy တွေကို reinforce ဖြစ်စေပါတယ် 💁♀️ 🍀 ဘယ်တုန်းကမှ ကံမကောင်းခဲ့သူတွေ 💚အချစ်ရေး တခုအတွက်သာမက ကံတရားကို ကိုယ့်ဘက် မှာရှိစေချင်သူတွေ 🍀 ကြံစည် သမျှ ကြိုးစားသမျှ အရာထင်ချင်သူတွေ ယုံကြည်စွာ ဆောင်လို့ရပါတယ်ရှင့် 🍀 ပွဲအပ် သိဒ္ဓိတင် အစီအရင် လုပ်ပေးထားတာပါရှင့် အပြုသဘော ဆောင်ပြီး အဆောင်ပုံစံလေးပါ Cloverလေးက ပုံဆွဲထားသလို၊acrylic ဆွဲထားသလိုမျိုးပါ ရေးထားတဲ့စာလေးရယ် သူ့ရဲ့ပုံစံလေးရယ်ကနေ energy ကောင်းတွေကိုယူမှာပါ 🍀

Lucky Bracelet
High quality crystal များကို ပေါင်းစပ်ပြီး စီရင်ထားတဲ့ လက်ပတ်လေးပါ။ * Amethyst (Purple) ကံကောင်းမှုရဲ့ဘုရင်လို့တင်စားလို့ရတဲ့ Crystal လေး - လက်ဆောင်ရခြင်း၊ Energyများကို balance ဖြစ်စေပြီး negative energy များကိုဖယ်ရှားပေးပါတယ်။ * Clear Quartz (White) Master Healerလို့တောင်ခေါ်ကြပါတယ် - စိတ်တည်ငြိမ်စေခြင်း၊ စိတ်ဒဏ်ရာများကိုကုသပေးခြင်း၊ trauma များမှ လွတ်မြောက်စေခြင်းဆုတောင်းပြည့်ဝစေခြင်း။ * Rose Quartz (Pink) Love of stone လေးပါ - အချစ်ရေး/အိမ်ထောင်ရေးများ ပြေလည်စေခြင်း၊ ဆွဲဆောင်မှုရှိစေခြင်း၊ မိမိကိုယ်ကိုယ် ပိုချစ်လာစေခြင်းလူချစ်လူခင်ပေါလာစေခြင်း။ ကိုယ်က ကံမြင့်ကံတက်ချင်တာ၊ အချစ်ခံချင်တာ၊ energy balance ဖြစ်စေချင်တာ၊ လက်ဆောင်ရတာ၊ လူချစ်လူခင်ပေါတာဖြစ်ချင်ရင် မဖြစ်မနေကိုဆောင်ထားပါ။ (size - 8mm)

နေ့နံအလိုက်အဆောင်လက်ပတ်
နေ့နံတစ်ခုချင်း အလိုက် သင့်တော်မယ့် အကျိုးပေးမယ့် ကျောက်လေးတွေကို ရွေးပေးထားပါတယ်။ စီးပွါးရေး အချစ်ရေး ပညာရေး ကျန်းမာရေး လူမှု့ရေး တွေပါ အဆင်ပြေစေဖို့ ရည်ရွယ်ပြီး လုပ်ထားပါတယ်။ Crystal ရဲ့ energy အပြင် Laurel ရဲ့ အစီအမံတွေနဲ့ စီရင်ပြုလုပ်ထားတဲ့ လက်ပတ်လေးက ကံညံ့နေတယ် ခံစားရတာ ဘာလုပ်လုပ်အဆင်မပြေဘူး ခံစားနေရတာနဲ့ လမ်းပျောက်နေတယ်ဆိုရင်တော့ ဆောင်ထားဖို့အသင့်တော်ဆုံးပါ။ ကိုယ် အဓိက အဆင်ပြေချင်တဲ့ အကြောင်းအရာရှိရင်လည်း ၃ ခုအထိ ပြောပေးလို့ရပါတယ်နော်၊ အကုန်ပါပြီးသားပေမယ့် သီးသန့်ပိုပြီးအဆင်ပြေချင်တာရှိရင်ပြောလို့ရပါတယ်။ ထပ်ဆုတောင်းတာ လိုအပ်တာ ထည့်ပေးပါတယ်။ သီးသန့်ထပ်ပေးစရာမလိုပါဘူး။

Turquoise အဆောင်လက်စွပ်
"Stone of Wisdom and Communication” လို့ အများစုသတ်မှတ်ထားကြပါတယ်။ အသိပညာအတွက် အပြင် လူမှု့ဆက်ဆံရေးအတွက်ပါ သင့်တော်တဲ့ ကျောက်ပေါ့လေ… Turquoise က Air နဲ့ Earth ကြားထဲမှာ ပေါင်းကူးပေးထားတဲ့ တံတားတစ်ခုပါပဲ 🌪 လေဓာတ် အရ မြင့်မားတဲ့ အသိဉာဏ်၊ ပညာရှိမှုနဲ့ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို ရည်ညွှန်းပြီး၊ ⛰ မြေဓာတ် အရတော့ ခိုင်မာမှု၊ လက်တွေ့ကျမှုနဲ့ self control ကို ကိုယ်စားပြုပါတယ်။ လေဓာတ်လို အသိဉာဏ်ပြည့်ဝစေဖို့လွယ်ကူပြီး၊ မြေဓာတ်လို သိတတ်ထားတာတွေကို မမေ့ဘဲ ရှိနေစေဖို့ အတွက် သင့်တော်တဲ့ ကျောက်လေးပေါ့။ စာဖတ်တဲ့အခါ၊ လေ့လာတဲ့အခါ စိတ်မလေစေဘဲ Concentration ကောင်းစေပါတယ်။ Memory Power ကိုလည်း မြှင့်တင်ပေးပါတယ်။ Turquoise ဟာ (Throat Chakra) နဲ့ ဆက်စပ်နေတဲ့အတွက် စာမေးပွဲတွေမှာ ဖြစ်စေ၊ Presentation လုပ်တဲ့အခါမှာဖြစ်စေ ကိုယ်သိထားတဲ့ ပညာရပ်တွေကို ရှင်းပြတဲ့အခါ၊ ဖြေဆိုတဲ့အခါ တိကျသေချာစွာပြောဆိုနိုင်စေပါတယ်။ Anxiety လျော့ကျစေပြီး စိတ်အေးချမ်းစေပါတာမို့ တည်တည်ငြိမ်ငြိမ်နဲ့ ဖြေဆိုနိုင်စေပါတယ်။ အင်တာဗျူးဖြေတဲ့အခါတွေမှာ လည်း သေချာဖြေနိုင်ရန် အထောက်ကူပြုပါတယ်။

Lucky Perfume
လူချစ် နတ်ချစ်ဖြစ်စေမည့် Rose quartz crystal လေးတွေပါ ပါတဲ့ lucky perfume ပါ ✨ ကံတွေ အဆင်မပြေဘူးထင်နေရင်၊ ကံညံ့သလို ခံစားရပြီး ဘာလုပ်လုပ် အဆင်မပြေဖြစ်နေရင် ဆောင်ကြည့်ပါနော်။ အချစ်ရေး၊ အိမ်ထောင်ရေး၊ ငွေကြေးကံတွေတင်မက အလုပ်ကံ၊ နိုင်ငံခြားကံနှင့် ပညာရေးကံတွေပါ အဆင်ပြေစေပါမှာ… နေ့စဉ် ပုံမှန်သုံးသင့်ပါတယ်။ လူချစ်လူခင် ပေါစေခြင်းတွေက စပြီး သိသိသာသာကံတက်လာမှာပါ 🍀✨

Love & Attraction Bracelet
Carnelian(Orange) - စိတ်ခွန်အားအထောက်အကူပြု crystal ပါ။ attraction ပိုင်းအတွက်လည်း ကောင်းပါတယ်။ လူအများဆီက အလေးပေးခံရခြင်းနှင့်ဂရုစိုက်မှု့ကိုရရှိစေပါတယ်။ Rose Quartz (Pink) - အချစ်ရေးနှင့် အိမ်ထောင်ရေးအတွက် လက်စွဲပါပဲ။ ရှေးခေတ်ကဆိုရင်မိဖုရားတွေတောင် ခိုးဝှက်ဆောင်ယူရလောက်တဲ့ထိ ညှို့ယူနိုင်တဲ့ energy ရှိပါတယ်။ Self love အပြင်၊ အချစ်ရေးကံတက်စေပါတယ်။ Amethyst (Purple) - ကံကောင်းမှုနဲ့အေးချမ်းမှု့ရဲ့ဘုရင်၊ မကြာခဏ လက်ဆောင်ရတတ်ခြင်းနှင့် ဆောင်ပြီးမကြာခင်မှာပဲ ကံကောင်းခြင်းကို ခံစားမိမှာပါ။ Negative Energy များကို ဖယ်ရှားပေးနိုင်တဲ့မှော်ဝင်ကျောက်ပါ။ အချစ်ရေး၊အိိမ်ထောင်ရေးမှာ ပိုအထူးပြုကံကောင်းချင်တယ်ဆိုမှ ဆောင်ပါနော်။ လူမှု့ရေးပြဿနာများပြေလည်စေပြီး အလုပ်အကိုင်ပိုင်းမှာပါ အထောက်အကူပြုပါတယ်။

7Chakras Bracelet
Chakra တစ်ခုချင်းစီကို အားပြန်ဖြည့်ဖို့အတွက် သင့်တော်ရာ Crystal များသုံးပေးထားပါတယ်။ ခန္ဓာကိုယ်ထဲက energy တွေပုံမှန်လည်ပတ်စေဖို့၊ balance ဖြစ်စေဖို့ အတွက်ကို 7chakras လို့ခေါ်တဲ့ main energy center/source ကနေပြီး လုပ်ပေးနေတာပါ။ Chakras တွေအားနည်းရင်ဘာဖြစ်တတ်လဲ? - Root chakra : စိတ်မလုံခြုံ၊ ကြောက်ရွံ့၊ ရည်မှန်းချက်ပျောက်တာတွေ ဖြစ်တတ်ပါတယ်။ - Sacral chakra : ဘဝကိုမကျေနပ်၊ စိတ်မတည်ငြိမ်ဖြစ်စေတတ်ပြီး Negative energyများတတ်ပါတယ်။ - Solar Plexus chakra : Self-confidence နည်း၊ ဗိုက်ခဏခဏအောင့်၊ဆုံးဖြတ်ချက်တစ်ခုသေချာမချနိုင်ဖြစ်စေပါတယ်။ - Heart chakra : အထီးကျန်၊အချစ်ခံလိုစိတ်များတတ်ပြီးစိတ်တိုစိတ်ဆတ်ဖြစ်တတ်ပါတယ်။ - Throat chakra : ပေါင်းသင်းဆက်ဆံရေးညံ့၊မပွင့်မလင်းဖြစ်တတ်ပါတယ်။ - Third Eye chakra : မကြာခဏခေါင်းကိုက်၊ အတွေးမကြည်၊ Intuition အားနည်းစေတတ်ပါတယ်။ - Crown chakra : Close-minded ဖြစ်၊ စိတ်ဓာတ်ကျ၊ ဦးတည်ချက်ပျောက်၊ Universe နှင့်ပြတ်တောက်တတ်ပါတယ်။ ဒါတွေက အကြမ်းအားဖြင့်ပါ … 🤷🏽♀️ ဒီလိုတွေထဲက တစ်ခုခု သို့မဟုတ် မကြာခဏ တစ်ခုပြီးတစ်ခုဖြစ်နေတတ်ရင် ဒီလက်ပတ်လေးကသင့်အတွက်ပါပဲ။ (Size - 10mm)

Bloom Keychain
အတိတ်ကနေ ရုန်းထွက်ပြီး လှပတဲ့ အစပြုခြင်း၊ အချစ်သစ်တွေ့ခြင်း၊ ဆန်းပွင့်စေခြင်း။ တခါမှ ရည်းစားမထားဖူးဘူး တခါမှ အချစ်ရေးကံမကောင်းဘူးဆိုတဲ့သူတွေအတွက် မြှားနတ်မောင်က ကိုယ့်ကိုတွေ့စေမှာ... သုံးထားတဲ့ crystal များ ရဲ့ benefits Rose Quartz (ချစ်ခြင်းမေတ္တာ) - အချစ်ရေးနဲ့ လူမှု့ဆက်ဆံရေးမှာ နွေးထွေးမှုရစေဖို့၊ စကားပြောရအဆင်ပြေစေဖို့၊ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာအောင်နဲ့ မိမိဆီကို ကောင်းမွန်တဲ့ love energy တွေ ရောက်အောင် attract လုပ်ပေးပါတယ်။ Aquamarine (စိတ်ကြည်လင်ခြင်းနှင့် ရဲရင့်ခြင်း) - Communication အတွက် အဓိက သုံးတာပါ။ စိတ်ကို ရေလိုအေးမြစေပြီး တစ်ဖက်လူနဲ့ နားလည်မှုလွဲတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နားလည်မှု့လွဲတာတွေကိုလည်းပြေလည်စေပါတယ်။ Unakite (ကုသခြင်းနှင့်မျှတခြင်း) - အတိတ်က နာကျင်စရာတွေ Trauma တွေကို ကုသပေးပြီးလက်ရှိခံစားချက်တွေကိုလည်း တည်ငြိမ်စေပါတယ်။

Spell Jar
မိမိရဲ့ နာမည် နေ့နံ မွေးသက္ကရာဇ် ပေးရပါတယ်။ တစ်ဦးချင်းစီ သီးသန့်တွက်ပေးပြီး သင့်တော်ရာထည့်ပြီး စီရင် လုပ်ဆောင်ပေးတာပါ။

သူယောင်ကျောက် အဆောင်လက်စွပ်
အချစ်ရေးနဲ့ အိမ်ထောင်ရေးအတွက်ဆိုရင် "The Stone of Unconditional Love" လို့ ခေါ်ရလောက်အောင် အကောင်းဆုံးနဲ့ အစွမ်းထက်ဆုံးကျောက် ဖြစ်ပါတယ်။ လူတွေရဲ့စိတ်နှလုံးသားတံခါးပေါက်ကို ဖွင့်တဲ့နေရာမှာ အင်မတန် စွမ်းအင်ကြီးမားပါတယ်။ မေတ္တာ ဓာတ် အပြည့်အဝ ရရှိစေတဲ့ ပေါင်းကူးတံတားလေးပေါ့ … သူယောင်ကျောက် အစစ်နဲ့ ပြုလုပ်ထားပြီး စတင်ဝတ်ဆင်ကတည်းက အေးချမ်းမှု့ကို ခံစားရစေမှာပါ။ အချစ်ရေး အဆင်ပြေလိုသူ၊ ရည်းစားဟောင်းပြန်လာစေလိုသူ၊ အိမ်ထောင်ရေး အဆင်ပြေလိုသူ၊ ကိုယ့်ကိုတကယ်ချစ်မယ့် အချစ်စစ်နဲချစ်မယ့်ရည်းစား အမြန်ရချင်သူ တွေဆောင်သင့်ပါတယ်။

Harmony Keychain
Relationship မှာ စိတ်ပင်ပန်းနေသူများ၊ ရည်းစားဟောင်းပြန်လာစေလိုသူများ၊ Commitment ရလိုသူများအတွက် Mental Clarity ရရှိစေပြီး နားလည် ခွင့်လွှတ်နိုင်စွမ်းတိုးတက်စေမှာပါ။ သုံးထားတဲ့ crystal များ ရဲ့ benefits Rose Quartz (ချစ်ခြင်းမေတ္တာ) - အချစ်ရေးနဲ့ လူမှု့ဆက်ဆံရေးမှာ နွေးထွေးမှုရစေဖို့၊ စကားပြောရအဆင်ပြေစေဖို့၊ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာအောင်နဲ့ မိမိဆီကို ကောင်းမွန်တဲ့ love energy တွေ ရောက်အောင် attract လုပ်ပေးပါတယ်။ Lapis Lazuli (အမှန်တရား) - စိတ်ကို အေးချမ်းစေပြီး အမှန်တရားကို မြင်နိုင်စွမ်း (Inner Wisdom) ရှိစေမှာပါ။ နှစ်ယောက်ကြားကပြဿနာတွေကိုဖြေရှင်းပေးမှာပါ။ Unakite (ကုသခြင်းနှင့်မျှတခြင်း) - အတိတ်က နာကျင်စရာတွေ Trauma တွေကို ကုသပေးပြီးလက်ရှိခံစားချက်တွေကိုလည်း တည်ငြိမ်စေပါတယ်။

Clover Keychain
2023 လောက်ကတည်းက Laurel page ရဲ့ best seller item ပါ နောက်ပိုင်း အရွက်အစစ်လေးတွေရှာရအဆင်မပြေလို့ နားထားခဲ့တာပါ။ အခုတော့ အရွက်အစစ်လေးနဲ့ ပြန်ရပါပြီ … အားလုံးရဲ့အချစ်တွေကို တစ်ဦးတည်းအပိုင်သိမ်းထားတဲ့ clover 🍀 သူ့ကိုချစ်တဲ့သူအကုန်လုံးကိုပြန်ချစ်ပေးပြီး အကုန်လုံးအပေါ် စေတနာထားတဲ့ သူ့ရဲ့ပင်ကိုယ်စိတ်ကို အစီအရင် နဲ့ အတူ ပေါင်းစပ်ထားလို့ ဆန်းပွင့်စေခြင်း၊ လူချစ်လူခင် ပေါစေခြင်း တို့ အဓိက ပါဝင် ပါတယ် 🍀 သူ့ရဲ့ထူးခြားချက်က အချစ်ရေး တစ်ခုသာမက ထပ်လောင်းပြီး မိမိဖြစ်ချင်တဲ့ ဆန္ဒ တွေကိုပါ ဆုတောင်းလို့ ရပါတယ်ရှင် 💚 Ph မှာချိတ်ထားပြီးတော့လည်း online shop လုပ်ငန်း၊ ph ဖြင့်ချိတ်ဆက်ထားသောလုပ်ငန်းတွေ မှာ အထူး ထူးခြားစေမှာဖြစ်သလို၊ Ph ထဲကနေပဲ ချစ်သူတွေ့တာ၊ ချစ်သူကဖုန်းဆက်လာတာ ဆက်သွယ်လာတာတွေရှိစေအုံးမယ့်အပြင် ကျောင်းလွယ်အိတ်၊ ဘောပင်အိတ်လိုမျိုးမှာ ချိတ်ပြီးလည်း ပညာရေးအတွက်ဆုတောင်းနိုင်သလို၊ အလုပ်သော့၊ ကားသော့ မှာ ချိတ်ခြင်းဖြင့်လည်း စီးပွါးပိုတက်စေမှာပါ။ Worry stone လိုပါ ပွတ်လို့ရတာကတော့ နောက်ထပ်အားသာချက်တစ်ခုပဲ။

Tiger’s eye အဆောင်လက်စွပ်
Tiger's Eye က ရွှေရောင်နဲ့ အညိုရောင် ရောယှက်နေတဲ့ မြေဓာတ် နဲ့ မီးဓာတ် ပေါင်းစပ်ထားတဲ့ Crystal တစ်မျိုးပါ။ ငွေဝင်ကျောက်လို့ အများစုခေါ်ကြ သိကြပေမယ့် သူ့မှာ အခြားသော ကောင်းကျိုးတွေ ရှိနေပါသေးတယ်။ Self-Confidence ပျောက်နေသူ Clear Decision Making လိုချင်တဲ့သူတွေ၊ ငွေကံအလွန်တက်ချင်ပါတယ် ငွေဝင်လမ်းကြောင်ပွင့်ချင်ပါတယ် ဆိုတဲ့သူတွေအတွက် သင့်တော်ပါတယ်။ ဒါတင်ပဲလားဆိုတော့ Interview အောင်မြင်စေခြင်း (အဓိကက ယုံကြည်ချက်ရှိရှိနဲ့ သေချာ ကောင်းကောင်းမွန်မွန် ဖြေဆိုနိုင်စေတာမျိုး)၊ COE နှင့် ဗီဇာစာရွက်စာတမ်း လျှင်မြန်ချောမွေ့စွာရရှိစေခြင်း (အကြံအစည်အောင်မြင်စေတာပေါ့)၊ Traveler’s Protection အဖြစ်လည်း ရှေးယခင်ကတည်းက ခရီးသွားတွေဟာ ဘေးအန္တရာယ်ကင်းဖို့နဲ့ ကံကောင်းဖို့အတွက် Tiger Eye ကို အဆောင်အဖြစ် ဆောင်ခဲ့ကြတာပါ။ ဒါကြောင့် နိုင်ငံရပ်ခြားမှာ အခြေချလိုသူနဲ့ နိုင်ငံရပ်ခြား ထွက်လိုသူတွေအတွက်လည်း အခွင့်အလမ်းကောင်းတွေပါ ပေးပါတယ်။