ကိုယ်တွေ့ကြုံနေတဲ့အခက်အခဲများနဲ့ကိုက်ညီမယ့်
Package ကိုရှာပြီးမေးမြန်းလို့ရပါတယ်။

🔮 တစ်လစာ Tarot မေးခြင်း
ကိုယ်သိချင်တာလေးတွေကို တစ်ခါတည်းမေးဖို့သာမက တားရော့ဝါသနာရှင်တစ်ယောက်၊ ယုံကြည်သူတစ်ယောက်အနေနဲ့ တစ်လလုံးအတွက် ကံကြမ္မာအကျိုးအကြောင်းကို သိသင့်တာ၊ မသိချင်တာ… သိချင်တာ၊ မသိသေးတာ…အကုန်သိခွင့်ရမယ့်အပြင် 📅 တစ်လလုံးအတွက် အကောင်းအဆိုး၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးပါမယ် 📌 ပါဝင်တဲ့ အကြောင်းအရာများ • စီးပွားရေး • ငွေကြေး • အလုပ်အကိုင် • ပညာရေး • ကျန်းမာရေး • လူမှုရေး • အိမ်ထောင်ရေး / အချစ်ရေး • ကိုယ်တိုင်ရွေးချယ်မေးချင်တဲ့ မေးခွန်း ၃ ခု 🧿 အခက်အခဲအတွက် Wallpaper ယတြာလေးပါဝင်ပါတယ် 🥰အခက်အခဲကိုပြောပြပြီး တောင်းပါနော် 💸 ပညာကြေး –35000 ks

Still Love or Just Past Package
Ex နဲ့ပတ်သက်တဲ့ အကြောင်းသိချင်သူတွေ၊ No Contact အခြေအနေ / အဆက်အသွယ် လုံးဝမရှိတော့တာ ကြာပေမယ့် စိတ်ထဲက ထုတ်မရဘဲ အဖြေရှာချင်နေသူတွေ၊ Situationship / Unclear Relationship အခြေအနေ၊ နာမည်တပ်လို့မရတဲ့ ပတ်သက်မှုတွေမှာ တစ်ဖက်လူရဲ့ တကယ့်စိတ်ရင်းကို သိချင်သူတွေ မေးလို့ရပါတယ် (အဆက်အသွယ်မရနေမှနော်) 1. current energy သင်တို့နှစ်ယောက်ကြားမှာ လက်ရှိ energy အခြေအနေက ဘယ်လိုအခြေအနေ ရှိနေလဲ? 2. Inner feelings သင့်အပေါ် သူတကယ် ဘယ်လိုခံစားနေရသလဲ? (အချစ်လား၊ မာနလား၊ ဒါမှမဟုတ် မေ့ပစ်ဖို့ ကြိုးစားနေတာလား) 3. The reason why ဘာကြောင့် သူပြန်မလာသေးတာလဲ? (ဥပမာ- တတိယလူ၊ မိသားစု၊ ဒါမှမဟုတ် အတိတ်က ဒဏ်ရာ) 4. Is he/she thinking of you သူ သင့်ကို စောင့်ကြည့်နေသလား? သင့်အကြောင်းတွေးဖြစ်လား? (Social media ကနေဖြစ်ဖြစ်၊ သူငယ်ချင်းတွေဆီကနေဖြစ်ဖြစ် သတင်းစုံစမ်းနေလား) 5. possibility of coming back သူပြန်လာဖို့ အလားအလာ ရှိ၊ မရှိ? 6. Action or guidance for you သူပြန်လာအောင် ကိုယ့်ဘက်က ဘာလုပ်သင့်သလဲ ဒါမှမဟုတ် ကိုယ့်ဘာကိုယ် Move on လုပ်သင့်ပြီလား? 7. Final outcome လာမယ့် ၃ လမှ ၆ လအတွင်းမှာ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေး ဘယ်လို အဆုံးသတ်မလဲ? ဘယ်လိုရလဒ်ရမလဲ? နှစ်ယောက်စာလုံးရဲ့ နာမည် နေ့နံ မွေးသသက္ကရာဇ် အစုံလိုပါတယ်။ မသိရင် သိသလောက်ပေးပါနော် (သူ့ရဲ့အကျင့်ပုံစံကိုပါတွဲကြည့်ပေးတာမို့)။ ထပ်သိချင်တာရှိရင်မေးခွန်း တစ်ခု ၃၀၀၀ ကျပ် ဖြင့်မေးနိုင်ပါတယ်။ တစ်ခု ၃၀၀၀ နဲ့ မေးတာကတော့ ဟောကွက်တစ်ခုချင်းစီကိုပဲ ဟောပေးတာပါ။ Package မှာကျတော့ ဒီ ၇ ချက်လုံးရဲ့ စွမ်းအင်တွေကိုတစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး Story တစ်ခုလို အစအဆုံးအသေးစိတ် ဖတ်ပေးတာဖြစ်လို့ အဖြေက ပိုပြီး တိကျသေချာပါတယ်။ ပြီးတော့ Package အတွက် သီးသန့်ပြုလုပ်ပေးမယ့် Analysis တွေက တစ်ခုချင်းမေးတာထက် ပိုပြီး ပြည့်စုံပါတယ်နော်။

ဇာတာစစ်
ဘယ်အချိန်မှာ ဇာတာစစ်သင့် ? ကံကောင်းပြီး အစစ အရာရာ အဆင်ပြေနေချိန်မှာရော ဇာတာစစ်ဖို့လိုလား ? စိတ်အဆင်မပြေဘူး စိတ်တွေလေးပင်နေတယ် ဘာလေးပဲလုပ်လုပ် အရာရာနဲ့အကြောင်းကြောင်းဖြစ်နေတယ် လုပ်ငန်းအသစ်စတင်ရမလား ဒီအလုပ်ကိုပဲဆက်လုပ်ရမှာလား လုပ်ငန်းပြောင်းရမှာလား နေရာပြောင်းရမှာလား စတာတွေနဲ့ပတ်သက်ပြီး ခေါင်းရှုပ်နေရတယ် ကိုယ့်အနားက ကပ်လာသူက ကိုယ့်ကို ချစ်လို့လား တစ်ခုခုကြောင့်လား ရေရှည်ကရော အဆင်ပြေပါ့မလား ( ကိုယ့်ဇာတာဖြင့် ) ( သူရောကိုယ်ရောရဲ့ဇာတာဖြင့်ဇာတာတိုက်စစ်ခြင်း) ပညာရေးကရပ်တန့်နေပြီလား ထပ်သင်ရအုံးမှာလား နိုင်ငံခြားသွားရဖို့ရှိလား စတာတွေ အမျိုးမျိုးပေါ့နော် အဆင်မပြေမှု့တွေ များလွန်းနေရင် ဇာတာစစ်သင့်ပါတယ် အဆင်ပြေနေရင်ရော? ဆိုရင်တော့ အဆင်ပြေနေလည်း စိတ်ပါရင်စစ်လို့ရပါတယ် ဘာတွေကြုံရမလဲ ဘယ်လိုတွေနေထိုင်သင့်လဲတွေသိရတော့ ဆင်ခြင်လို့ရတာပေါ့ ကျွန်မဆီဇာတာစစ်ရင် တစ်နှစ်စာ ကံကြမ္မာ ဆောင်ရန် ရှောင်ရန် တစ်နှစ်စာ ယတြာ အပြင် တစ်သက်သာအတွက် စီးပွါးရေး ပညာရေး ကျန်းမာရေး လူမှု့ရေး ဘာသာရေး အချစ်ရေး အိမ်ထောင်ရေး တို့လည်း ဟောပေးပါတယ်ရှင်

Between us Package
သူ ငါ့ကို တကယ်ရော ချစ်ရဲ့လား?ငါတို့ တကယ်ရော အဆင်ပြေမှာလား?" 🤔💭 Between us package 30000 ks သင်တို့နှစ်ယောက်ကြားက မရေရာမှုတွေကို အဖြေရှာဖို့ အချိန်ရောက်ပါပြီ 🔮✨ Situationship ထဲ ပိတ်မိနေသူတွေနဲ့ တစ်ဖက်လူရဲ့ စိတ်ကို သေချာမသိရလို့ စိတ်ညစ်နေသူတွေ အတွက်ပါ သင်တို့ကြားက လက်ရှိ Connection အခြေအနေကို အသေးစိတ် ပုံဖော်ပြောပြပေးမှာပါ သူ့ရဲ့ စိတ်ရင်းအမှန်နဲ့ ရှေ့ဆက်ရင် ဘာတွေဖြစ်လာမလဲဆိုတာကို သိရမယ့်အပြင်၊ ကိုယ့်ဘက်က ဘယ်လို ဆုံးဖြတ်ချက်ချသင့်လဲဆိုတဲ့ လမ်းညွှန်ချက်တွေကိုပါ သိနိုင်မှာဖြစ်ပါတယ် 1.Your energy လက်ရှိမှာ ဒီဆက်ဆံရေးအပေါ် ကိုယ်ဘယ်လို သဘောထားနေလဲ၊ ကိုယ့်စိတ်ထဲမှာ တကယ်ခံစားနေရတဲ့ အခြေအနေ 2.his/her real feelings သူ့ဘက်က ကိုယ့်အပေါ် တကယ်ဘယ်လို ခံစားနေရသလဲဆိုတဲ့ စိတ်ရင်းအမှန် နှုတ်ကထုတ်မပြောပေမဲ့ သူ့ရင်ထဲမှာရှိနေတဲ့ ချစ်ခြင်း၊ သံယောဇဉ် ဒါမှမဟုတ် ဝေခွဲမရဖြစ်မှုတွေ စသဖြင့် 3.current connections သင်တို့နှစ်ယောက်ကြားမှာ အခုလက်ရှိ energy တွေက ဘယ်လိုရှိနေလဲ အဆင်ပြေပြေ ချိတ်ဆက်မိနေတာလား၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲနေတာလား ဒါမှမဟုတ် တစ်နေရာမှာတင် ရပ်တန့်နေတာလားဆိုတဲ့ အခြေအနေမှန်ကို သိရမှာပါ 4.his/her needs သူ့ဘက်က ဒီဆက်ဆံရေးမှာ ဘာကိုလိုလားနေတာလဲ၊ ကိုယ့်ဆီက ဘယ်လိုအရာမျိုးကို မျှော်လင့်နေတာလဲ ဒါမှ မဟုတ် သူ့ဘက်မှာ ဘယ်လိုအခက်အခဲ အဟန့်အတားတွေ ရှိနေလို့ ရှေ့မတိုးနိုင်တာလဲ 5.his/her impression of you သူ့မျက်လုံးထဲမှာ ကိုယ့်ကို ဘယ်လိုပုံရိပ်မျိုး မြင်နေလဲ ဘယ်လို လူလို့သတ်မှတ်ထားလဲ 6.future potential ဒီအတိုင်းသာ ရှေ့ဆက်သွားမယ်ဆိုရင် နောင် (၃ လမှ ၆ လအတွင်းမှာ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ တိုးတက်မှုရှိမလား၊ အဆင်ပြေသွားမလား 7.advice for you ကိုယ့်ဘက်က ဘာဆက်လုပ်သင့်လဲ ရှေ့တိုးသင့်လား၊ စောင့်သင့်လား ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ်ပဲ ပိုဂရုစိုက်သင့်လား စသဖြင့်

Where's My Love Package
ရည်းစားတခါမှ မထားဖူးသေးတဲ့သူတွေ၊ ရည်းစားမရတာကြာနေတဲ့သူတွေ အချစ်ကဘယ်ရောက်နေတာလဲ၊ ဘာလို့ ရည်းစားမရနေရတာလဲဆိုတာကို သိရဖို့ ဒီ package လေးလာမေးပြီး အဖြေရှာလိုက်နော်... 1. Self-Energy လက်ရှိမှာ အချစ်ကိုလက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလား? ကိုယ့်ရဲ့ စွမ်းအင်က ဘယ်လိုရှိနေလဲ? 2. The Blockage ဘာတွေကြောင့် အချစ်က ကိုယ့်ဆီလာဖို့ ကြာနေတာလဲ? ဘာတွေက ပိတ်ဆို့နေတာလဲ? 3. What to Change အချစ်စစ်နဲ့ ဆုံတွေ့နိုင်ဖို့ ကိုယ့်ဘက်က ဘာတွေပြောင်းလဲပြင်ဆင်ဖို့ လိုအပ်မလဲ? အချစ်ကိုလက်ခံဖို့ဘာတွေပြင်ဆင်ထားရမလဲ? 4. Who is Coming ရောက်လာမယ့်သူရဲ့ ပုံစံ Personality နဲ့ စရိုက်က ဘယ်လိုမျိုးလဲ? 5. First Impressions စတွေ့တဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမြင်ကြမလဲ? ဘယ်လိုစွဲလမ်းမှုမျိုး ဖြစ်မလဲ?စိတ်ထဲဘယ်လိုခံစားရမလဲ? 6. Timing & Location ဘယ်လိုနေရာမျိုး ဘယ်လိုအခြေအနေမျိုး မှာ တွေ့နိုင်မလဲ? ၃လ၊ ၆လ၊ ၉လ (သို့) ၁နှစ်အတွင်း ဘယ်အချိန်မှာ ဆုံမလဲ? 7. Relationship Type သူနဲ့ဆုံတွေ့တဲ့အခါ တွဲတဲ့အခါ ဘယ်လိုမျိုး ဆက်ဆံရေး Relationship ပုံစံမျိုးကို တည်ဆောက်ဖြစ်မလဲ? မိမိ နာမည် နေ့နံ မွေးသက္ကရာဇ် အတိအကျပေးရပါတယ်။ ထပ်သိချင်တာရှိရင် တစ်ခု ၃၀၀၀ နဲ့မေးလို့ရပါတယ်။ 💭 မေးခွန်းတစ်ခုချင်းမေးတာနဲ့ ဘာကွာလဲ ... နံပါတ်နဲ့ခွဲထားပေမယ့် အချက် ၇ ခုထက်ပိုပြီး detail reading ဖြေပေးမှာပါ။ basic question မဟုတ်ဘဲ special deep insight reading ဖြစ်ပါတယ်။ 🤷🏽♀️

Right Person Package
1. သူ့ရဲ့ ရုပ်ရည်၊ Personality ကို မျက်စိထဲ မြင်ယောင်လာအောင် ပြောပြပေးမှာပါ။ 2. ဘယ်လိုအခြေအနေ၊ ဘယ်လိုနေရာမျိုးမှာ စတင်ဆုံတွေ့နိုင်မလဲဆိုတာ ခန့်မှန်းပေးမှာပါ။ 3. သူက ဘယ်လိုအလုပ်အကိုင်မျိုး လုပ်ကိုင်နေသလဲ၊ ဘယ်လိုနယ်ပယ်ထဲကလူလဲဆိုတာကို ကြည့်ပေးမှာပါ။ 4. စတွေ့တွေ့ချင်းမှာ ကိုယ့်ဘက်က ဘယ်လိုခံစားရမလဲ (ဥပမာ- ရင်းနှီးပြီးသားလိုလား၊ စိတ်လုံခြုံသွားတာလား) ဆိုတဲ့ Confirmation Sign ကို ကြည့်ပေးမှာပါ။ 5. သူက ကိုယ့်အပေါ် ဘာတွေကောင်းပေးမလဲ၊ ကိုယ့်ဘဝအတွက် ဘယ်လိုအဖိုးတန်တဲ့ ပံ့ပိုးမှုတွေ ယူဆောင်လာပေးမလဲဆိုတဲ့ အချက်။ 6. ဒါက အရေးကြီးဆုံးအချက်ပါကိုယ့်ဘဝအတွက် ဘာသင်ခန်းစာပေးဖို့ universe ကစေလွှတ်လိုက်တာလဲဆိုတာကို ပြောပြမှာပါ (ဒါမှမဟုတ်) Lesson အတွက်မဟုတ်ဘဲ အတိတ်က ကုသိုလ်ကြောင့်လား၊ အတူတူ ဘဝတည်ဆောက်ဖို့လား။ 7. Relationship ခိုင်မြဲဖို့ ဘာတွေ ဆောင်ရမလဲ၊ ဘာတွေ ရှောင်ရမလဲ ဆိုတာကို လမ်းညွှန်ပေးမှာပါ။ မိမိ နာမည် နေ့နံ မွေးသက္ကရာဇ် အတိအကျပေးရပါတယ်။ ထပ်သိချင်တာရှိရင် တစ်ခု ၃၀၀၀ နဲ့မေးလို့ရပါတယ်။ 💭 မေးခွန်းတစ်ခုချင်းမေးတာနဲ့ ဘာကွာလဲ ... နံပါတ်နဲ့ခွဲထားပေမယ့် အချက် ၇ ခုထက်ပိုပြီး detail reading ဖြေပေးမှာပါ။ basic question မဟုတ်ဘဲ special deep insight reading ဖြစ်ပါတယ်။ 🤷🏽♀️

ချစ်သူနှင့်ဇာတာစစ်
ချစ်သူနဲ့ ဇာတာ စစ်ချင်လို့ ဆိုတဲ့သူတွေအတွက် ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပါပြီနော် 🧞♂️🧞♀️ ဇာတာစစ်ဖို့အတွက်က နှစ်ယောက်စလုံးရဲ့ နာမည် မွေးနေ့၊မွေးသက္ကရာဇ် လိုအပ်ပါတယ် မွေးဇာတာ မဟာဘုတ်ကိုအခြေခံပြီး ဂြိုလ်ကြီး၈ခွင် သဘောတရားမျာနှင့်တကွ ပြောကြားပေးမှာဖြစ်ပါတယ် နှစ်ဦးစလုံးရဲ့ဇာတာတွက်ပေးရမှာလည်းဖြစ်လို့ အခြားထပ်သိချင်တဲ့မေးခွန်းတွေလည်းမေးနိုင်ပြီး ကျွန်မဘက်ကလည်း ဟာကွက်မရှိအောင်ကြိုးစားပြီး ဖြေကြား၊ဟောကြားပေးမှာပါ 🧞 📙-သူ့ရဲ့ အမူအကျင့် ၊မိမိရဲ့ အမူအကျင့် တသက်သာ စီးပွါးရေး ပညာရေး ကျန်းမာရေး လူမှု့ရေး ဘာသာရေး အချစ်ရေး အိမ်ထောင်ရေး 🤝-နှစ်ဦးစလုံးရဲ့ အတိတ် လက်ရှိ ပစ္စုပ္ပန် ကံအကျိုးအကြောင်း တစ်နှစ်စာကံကြမ္မာနှင့်ဆောင်ရန် ရှောင်ရန် တစ်နှစ်စာ ယတြာ 🧜-ဘဝမှာ ကြုံတွေ့ရတတ်တဲ့ အခြေအနေတွေအကြောင်း 🫧-ဘယ်အချိန်မှာ ဘယ်လိုဖြစ်တတ်ပြီး ဘယ်အချိန်အထိ ဆက်တွဲနိုင်ခဲ့ရင်မြဲနိုင်မလဲ ဆိုတာတွေ 🤞-လက်ထပ်ဖို့ထိရည်ရွယ်ထားရင်ဘယ်အချိန်ကာလကသင့်တော်သလဲ အိမ်ထောင်ပက္ခတ်ဖြစ််ခဲ့ရင် တသက်သာယတြာ FREE 🤝ဒါတွေအပြင်ကို ကိုယ်သိချင်တာတွေကိုပါ တစ်ခါတည်း ဆွေးနွေး တိုင်ပင်ရင်းမေးမြန်းလို့ရမှာဖြစ်ပါတယ် ဉာဏ်ပူဇော်ခ ကြိုလွှဲရမှာဖြစ်ပြီး booking ဖြင့်ရက်ချိန်းယူရမှာပါ 🔖

Healing Heart Package
ရင်ဖွင့် package 30mins - 35000ks တစ်ခါတလေမှာ ကိုယ်ဖြစ်နေတဲ့အကြောင်းအရာတွေကို ဘယ်သူ့ကိုမှ ပြောပြလို့မရဘဲ ရင်ထဲမှာတင် တနင့်တပိုး ခံစားနေရတတ်ပါတယ် အချစ်ရေး အရှုပ်အထွေးတွေကြားမှာ လမ်းပျောက်နေတာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တစ်ခု ချဖို့အတွက် ဝေခွဲမရဖြစ်နေတာပဲဖြစ်ဖြစ် ရှင်တို့အနားမှာ နားထောင်ပေးမယ့်သူ၊ လမ်းပြပေးမယ့်သူအဖြစ် ကျွန်မ ရှိနေပေးပါ့မယ် 🐥 စကားပြောဖော် လိုချင်သူများအတွက် ရင်ထဲက ရှိသမျှ အပူအပင်တွေကို တစ်ဝကြီး ဖွင့်ဟတိုင်ပင်နိုင်ပါတယ် လမ်းပျောက်နေသူများအတွက် ရှေ့ဆက်ရမယ့် လမ်းစကို မြင်သာအောင် ကဒ်နိမိတ်လေးများနဲ့အတူ အကြံဉာဏ်ကောင်းတွေ ပေးသွားမှာပါ မေးခွန်းကန့်သတ်ချက်မရှိ (Unlimited Questions) သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ သိလိုသမျှ ဘယ်နှစ်ခုပဲဖြစ်ဖြစ် စိတ်ကြိုက်မေးလို့ ရပါတယ် လိုအပ်ပါက wallpaper ကဒ်ယတြာ မေတ္တာလက်ဆောင် ကံဇာတာ အနိမ့်အမြင့်အရ လိုအပ်တယ်ဆိုရင် ကဒ်ယတြာလေးတွေကို ပညာကြေး ထပ်မယူဘဲ မေတ္တာဖြင့် တခါတည်း ညွှန်ကြားပေးသွားမှာပါ (မပြောဖြစ်ခဲ့ရင် လိုချင်ရင်တောင်းပါနော်) အချစ်ရေးမှာ အရှုပ်အထွေးတွေနဲ့ ရစ်ပတ်နေသူများ စိတ်ညစ်လို့ တစ်ယောက်ယောက်ကို ရင်ဖွင့်ချင်သူများ ဘယ်လို ဆက်လုပ်ရမလဲဆိုတဲ့ အဖြေကို လိုချင်သူများ အကြိုက်လာရစ်ပြီး အချစ်ရေး အရှုပ်လေးတွေကို အတူတူ လာရှင်းထုတ်လိုက်ရအောင်🖤 အချစ်ရေးမှ မဟုတ်ဘဲ မိမိနှင့်ပတ်သက်တဲ့ သိလိုရာကိုမေးလို့ရပါတယ်နော် Package မှာ အခြားသူကိုယ်စား မေးပေးလို့မရပါ