Laurel's Tarot
Laurel's Tarot Magical Ambience
Guidance & Elegance

Discover Your Right Path

Laurel ဆီမှာရရှိနိုင်တဲ့ အဆောင်ပစ္စည်းများ၊ မေးမြန်းနိုင်သော Reading Package များကို Website ထဲတွင်ရှာဖွေနိုင်ပါတယ်

အဆောင်ပစ္စည်းများ

အရောင်းရဆုံးများကိုရွေးချယ်ပေးထားပါတယ်

In Stock
Lucky Perfume

Lucky Perfume

လူချစ် နတ်ချစ်ဖြစ်စေမည့် Rose quartz crystal လေးတွေပါ ပါတဲ့ lucky perfume ပါ ✨ ကံတွေ အဆင်မပြေဘူးထင်နေရင်၊ ကံညံ့သလို ခံစားရပြီး ဘာလုပ်လုပ် အဆင်မပြေဖြစ်နေရင် ဆောင်ကြည့်ပါနော်။ အချစ်ရေး၊ အိမ်ထောင်ရေး၊ ငွေကြေးကံတွေတင်မက အလုပ်ကံ၊ နိုင်ငံခြားကံနှင့် ပညာရေးကံတွေပါ အဆင်ပြေစေပါမှာ… နေ့စဉ် ပုံမှန်သုံးသင့်ပါတယ်။ လူချစ်လူခင် ပေါစေခြင်းတွေက စပြီး သိသိသာသာကံတက်လာမှာပါ 🍀✨

21000 MMK
In Stock
Spell Jar

Spell Jar

မိမိရဲ့ နာမည် နေ့နံ မွေးသက္ကရာဇ် ပေးရပါတယ်။ တစ်ဦးချင်းစီ သီးသန့်တွက်ပေးပြီး သင့်တော်ရာထည့်ပြီး စီရင် လုပ်ဆောင်ပေးတာပါ။

45000 MMK
In Stock
သူယောင်ကျောက် အဆောင်လက်စွပ်

သူယောင်ကျောက် အဆောင်လက်စွပ်

အချစ်ရေးနဲ့ အိမ်ထောင်ရေးအတွက်ဆိုရင် "The Stone of Unconditional Love" လို့ ခေါ်ရလောက်အောင် အကောင်းဆုံးနဲ့ အစွမ်းထက်ဆုံးကျောက် ဖြစ်ပါတယ်။ လူတွေရဲ့စိတ်နှလုံးသားတံခါးပေါက်ကို ဖွင့်တဲ့နေရာမှာ အင်မတန် စွမ်းအင်ကြီးမားပါတယ်။ မေတ္တာ ဓာတ် အပြည့်အဝ ရရှိစေတဲ့ ပေါင်းကူးတံတားလေးပေါ့ … သူယောင်ကျောက် အစစ်နဲ့ ပြုလုပ်ထားပြီး စတင်ဝတ်ဆင်ကတည်းက အေးချမ်းမှု့ကို ခံစားရစေမှာပါ။ အချစ်ရေး အဆင်ပြေလိုသူ၊ ရည်းစားဟောင်းပြန်လာစေလိုသူ၊ အိမ်ထောင်ရေး အဆင်ပြေလိုသူ၊ ကိုယ့်ကိုတကယ်ချစ်မယ့် အချစ်စစ်နဲချစ်မယ့်ရည်းစား အမြန်ရချင်သူ တွေဆောင်သင့်ပါတယ်။

17000 MMK
In Stock
Clover Keychain

Clover Keychain

2023 လောက်ကတည်းက Laurel page ရဲ့ best seller item ပါ နောက်ပိုင်း အရွက်အစစ်လေးတွေရှာရအဆင်မပြေလို့ နားထားခဲ့တာပါ။ အခုတော့ အရွက်အစစ်လေးနဲ့ ပြန်ရပါပြီ … အားလုံးရဲ့အချစ်တွေကို တစ်ဦးတည်းအပိုင်သိမ်းထားတဲ့ clover 🍀 သူ့ကိုချစ်တဲ့သူအကုန်လုံးကိုပြန်ချစ်ပေးပြီး အကုန်လုံးအပေါ် စေတနာထားတဲ့ သူ့ရဲ့ပင်ကိုယ်စိတ်ကို အစီအရင် နဲ့ အတူ ပေါင်းစပ်ထားလို့ ဆန်းပွင့်စေခြင်း၊ လူချစ်လူခင် ပေါစေခြင်း တို့ အဓိက ပါဝင် ပါတယ် 🍀 သူ့ရဲ့ထူးခြားချက်က အချစ်ရေး တစ်ခုသာမက ထပ်လောင်းပြီး မိမိဖြစ်ချင်တဲ့ ဆန္ဒ တွေကိုပါ ဆုတောင်းလို့ ရပါတယ်ရှင် 💚 Ph မှာချိတ်ထားပြီးတော့လည်း online shop လုပ်ငန်း၊ ph ဖြင့်ချိတ်ဆက်ထားသောလုပ်ငန်းတွေ မှာ အထူး ထူးခြားစေမှာဖြစ်သလို၊ Ph ထဲကနေပဲ ချစ်သူတွေ့တာ၊ ချစ်သူကဖုန်းဆက်လာတာ ဆက်သွယ်လာတာတွေရှိစေအုံးမယ့်အပြင် ကျောင်းလွယ်အိတ်၊ ဘောပင်အိတ်လိုမျိုးမှာ ချိတ်ပြီးလည်း ပညာရေးအတွက်ဆုတောင်းနိုင်သလို၊ အလုပ်သော့၊ ကားသော့ မှာ ချိတ်ခြင်းဖြင့်လည်း စီးပွါးပိုတက်စေမှာပါ။ Worry stone လိုပါ ပွတ်လို့ရတာကတော့ နောက်ထပ်အားသာချက်တစ်ခုပဲ။

25000 MMK

အဟော Package များ

Laurel နေ့စဥ်အဟောရဆုံးတွေဖြစ်ပါတယ်

Between us Package

Between us Package

သူ ငါ့ကို တကယ်ရော ချစ်ရဲ့လား?ငါတို့ တကယ်ရော အဆင်ပြေမှာလား?" 🤔💭 Between us package 30000 ks သင်တို့နှစ်ယောက်ကြားက မရေရာမှုတွေကို အဖြေရှာဖို့ အချိန်ရောက်ပါပြီ 🔮✨ Situationship ထဲ ပိတ်မိနေသူတွေနဲ့ တစ်ဖက်လူရဲ့ စိတ်ကို သေချာမသိရလို့ စိတ်ညစ်နေသူတွေ အတွက်ပါ သင်တို့ကြားက လက်ရှိ Connection အခြေအနေကို အသေးစိတ် ပုံဖော်ပြောပြပေးမှာပါ သူ့ရဲ့ စိတ်ရင်းအမှန်နဲ့ ရှေ့ဆက်ရင် ဘာတွေဖြစ်လာမလဲဆိုတာကို သိရမယ့်အပြင်၊ ကိုယ့်ဘက်က ဘယ်လို ဆုံးဖြတ်ချက်ချသင့်လဲဆိုတဲ့ လမ်းညွှန်ချက်တွေကိုပါ သိနိုင်မှာဖြစ်ပါတယ် 1.Your energy လက်ရှိမှာ ဒီဆက်ဆံရေးအပေါ် ကိုယ်ဘယ်လို သဘောထားနေလဲ၊ ကိုယ့်စိတ်ထဲမှာ တကယ်ခံစားနေရတဲ့ အခြေအနေ 2.his/her real feelings သူ့ဘက်က ကိုယ့်အပေါ် တကယ်ဘယ်လို ခံစားနေရသလဲဆိုတဲ့ စိတ်ရင်းအမှန် နှုတ်ကထုတ်မပြောပေမဲ့ သူ့ရင်ထဲမှာရှိနေတဲ့ ချစ်ခြင်း၊ သံယောဇဉ် ဒါမှမဟုတ် ဝေခွဲမရဖြစ်မှုတွေ စသဖြင့် 3.current connections သင်တို့နှစ်ယောက်ကြားမှာ အခုလက်ရှိ energy တွေက ဘယ်လိုရှိနေလဲ အဆင်ပြေပြေ ချိတ်ဆက်မိနေတာလား၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲနေတာလား ဒါမှမဟုတ် တစ်နေရာမှာတင် ရပ်တန့်နေတာလားဆိုတဲ့ အခြေအနေမှန်ကို သိရမှာပါ 4.his/her needs သူ့ဘက်က ဒီဆက်ဆံရေးမှာ ဘာကိုလိုလားနေတာလဲ၊ ကိုယ့်ဆီက ဘယ်လိုအရာမျိုးကို မျှော်လင့်နေတာလဲ ဒါမှ မဟုတ် သူ့ဘက်မှာ ဘယ်လိုအခက်အခဲ အဟန့်အတားတွေ ရှိနေလို့ ရှေ့မတိုးနိုင်တာလဲ 5.his/her impression of you သူ့မျက်လုံးထဲမှာ ကိုယ့်ကို ဘယ်လိုပုံရိပ်မျိုး မြင်နေလဲ ဘယ်လို လူလို့သတ်မှတ်ထားလဲ 6.future potential ဒီအတိုင်းသာ ရှေ့ဆက်သွားမယ်ဆိုရင် နောင် (၃ လမှ ၆ လအတွင်းမှာ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ တိုးတက်မှုရှိမလား၊ အဆင်ပြေသွားမလား 7.advice for you ကိုယ့်ဘက်က ဘာဆက်လုပ်သင့်လဲ ရှေ့တိုးသင့်လား၊ စောင့်သင့်လား ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ်ပဲ ပိုဂရုစိုက်သင့်လား စသဖြင့်

30000 MMKExplore
Right Person Package

Right Person Package

1. သူ့ရဲ့ ရုပ်ရည်၊ Personality ကို မျက်စိထဲ မြင်ယောင်လာအောင် ပြောပြပေးမှာပါ။ 2. ဘယ်လိုအခြေအနေ၊ ဘယ်လိုနေရာမျိုးမှာ စတင်ဆုံတွေ့နိုင်မလဲဆိုတာ ခန့်မှန်းပေးမှာပါ။ 3. သူက ဘယ်လိုအလုပ်အကိုင်မျိုး လုပ်ကိုင်နေသလဲ၊ ဘယ်လိုနယ်ပယ်ထဲကလူလဲဆိုတာကို ကြည့်ပေးမှာပါ။ 4. စတွေ့တွေ့ချင်းမှာ ကိုယ့်ဘက်က ဘယ်လိုခံစားရမလဲ (ဥပမာ- ရင်းနှီးပြီးသားလိုလား၊ စိတ်လုံခြုံသွားတာလား) ဆိုတဲ့ Confirmation Sign ကို ကြည့်ပေးမှာပါ။ 5. သူက ကိုယ့်အပေါ် ဘာတွေကောင်းပေးမလဲ၊ ကိုယ့်ဘဝအတွက် ဘယ်လိုအဖိုးတန်တဲ့ ပံ့ပိုးမှုတွေ ယူဆောင်လာပေးမလဲဆိုတဲ့ အချက်။ 6. ဒါက အရေးကြီးဆုံးအချက်ပါကိုယ့်ဘဝအတွက် ဘာသင်ခန်းစာပေးဖို့ universe ကစေလွှတ်လိုက်တာလဲဆိုတာကို ပြောပြမှာပါ (ဒါမှမဟုတ်) Lesson အတွက်မဟုတ်ဘဲ အတိတ်က ကုသိုလ်ကြောင့်လား၊ အတူတူ ဘဝတည်ဆောက်ဖို့လား။ 7. Relationship ခိုင်မြဲဖို့ ဘာတွေ ဆောင်ရမလဲ၊ ဘာတွေ ရှောင်ရမလဲ ဆိုတာကို လမ်းညွှန်ပေးမှာပါ။ မိမိ နာမည် နေ့နံ မွေးသက္ကရာဇ် အတိအကျပေးရပါတယ်။ ထပ်သိချင်တာရှိရင် တစ်ခု ၃၀၀၀ နဲ့မေးလို့ရပါတယ်။ 💭 မေးခွန်းတစ်ခုချင်းမေးတာနဲ့ ဘာကွာလဲ ... နံပါတ်နဲ့ခွဲထားပေမယ့် အချက် ၇ ခုထက်ပိုပြီး detail reading ဖြေပေးမှာပါ။ basic question မဟုတ်ဘဲ special deep insight reading ဖြစ်ပါတယ်။ 🤷🏽‍♀️

30000 MMKExplore
ချစ်သူနှင့်ဇာတာစစ်

ချစ်သူနှင့်ဇာတာစစ်

ချစ်သူနဲ့ ဇာတာ စစ်ချင်လို့ ဆိုတဲ့သူတွေအတွက် ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပါပြီနော် 🧞‍♂️🧞‍♀️ ဇာတာစစ်ဖို့အတွက်က နှစ်ယောက်စလုံးရဲ့ နာမည် မွေးနေ့၊မွေးသက္ကရာဇ် လိုအပ်ပါတယ် မွေးဇာတာ မဟာဘုတ်ကိုအခြေခံပြီး ဂြိုလ်ကြီး၈ခွင် သဘောတရားမျာနှင့်တကွ ပြောကြားပေးမှာဖြစ်ပါတယ် နှစ်ဦးစလုံးရဲ့ဇာတာတွက်ပေးရမှာလည်းဖြစ်လို့ အခြားထပ်သိချင်တဲ့မေးခွန်းတွေလည်းမေးနိုင်ပြီး ကျွန်မဘက်ကလည်း ဟာကွက်မရှိအောင်ကြိုးစားပြီး ဖြေကြား၊ဟောကြားပေးမှာပါ 🧞 📙-သူ့ရဲ့ အမူအကျင့် ၊မိမိရဲ့ အမူအကျင့် တသက်သာ စီးပွါးရေး ပညာရေး ကျန်းမာရေး လူမှု့ရေး ဘာသာရေး အချစ်ရေး အိမ်ထောင်ရေး 🤝-နှစ်ဦးစလုံးရဲ့ အတိတ် လက်ရှိ ပစ္စုပ္ပန် ကံအကျိုးအကြောင်း တစ်နှစ်စာကံကြမ္မာနှင့်ဆောင်ရန် ရှောင်ရန် တစ်နှစ်စာ ယတြာ 🧜-ဘဝမှာ ကြုံတွေ့ရတတ်တဲ့ အခြေအနေတွေအကြောင်း 🫧-ဘယ်အချိန်မှာ ဘယ်လိုဖြစ်တတ်ပြီး ဘယ်အချိန်အထိ ဆက်တွဲနိုင်ခဲ့ရင်မြဲနိုင်မလဲ ဆိုတာတွေ 🤞-လက်ထပ်ဖို့ထိရည်ရွယ်ထားရင်ဘယ်အချိန်ကာလကသင့်တော်သလဲ အိမ်ထောင်ပက္ခတ်ဖြစ််ခဲ့ရင် တသက်သာယတြာ FREE 🤝ဒါတွေအပြင်ကို ကိုယ်သိချင်တာတွေကိုပါ တစ်ခါတည်း ဆွေးနွေး တိုင်ပင်ရင်းမေးမြန်းလို့ရမှာဖြစ်ပါတယ် ဉာဏ်ပူဇော်ခ ကြိုလွှဲရမှာဖြစ်ပြီး booking ဖြင့်ရက်ချိန်းယူရမှာပါ 🔖

150000 MMKExplore
Healing Heart Package

Healing Heart Package

ရင်ဖွင့် package 30mins - 35000ks တစ်ခါတလေမှာ ကိုယ်ဖြစ်နေတဲ့အကြောင်းအရာတွေကို ဘယ်သူ့ကိုမှ ပြောပြလို့မရဘဲ ရင်ထဲမှာတင် တနင့်တပိုး ခံစားနေရတတ်ပါတယ် အချစ်ရေး အရှုပ်အထွေးတွေကြားမှာ လမ်းပျောက်နေတာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တစ်ခု ချဖို့အတွက် ဝေခွဲမရဖြစ်နေတာပဲဖြစ်ဖြစ် ရှင်တို့အနားမှာ နားထောင်ပေးမယ့်သူ၊ လမ်းပြပေးမယ့်သူအဖြစ် ကျွန်မ ရှိနေပေးပါ့မယ် 🐥 စကားပြောဖော် လိုချင်သူများအတွက် ရင်ထဲက ရှိသမျှ အပူအပင်တွေကို တစ်ဝကြီး ဖွင့်ဟတိုင်ပင်နိုင်ပါတယ် လမ်းပျောက်နေသူများအတွက် ရှေ့ဆက်ရမယ့် လမ်းစကို မြင်သာအောင် ကဒ်နိမိတ်လေးများနဲ့အတူ အကြံဉာဏ်ကောင်းတွေ ပေးသွားမှာပါ မေးခွန်းကန့်သတ်ချက်မရှိ (Unlimited Questions) သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ သိလိုသမျှ ဘယ်နှစ်ခုပဲဖြစ်ဖြစ် စိတ်ကြိုက်မေးလို့ ရပါတယ် လိုအပ်ပါက wallpaper ကဒ်ယတြာ မေတ္တာလက်ဆောင် ကံဇာတာ အနိမ့်အမြင့်အရ လိုအပ်တယ်ဆိုရင် ကဒ်ယတြာလေးတွေကို ပညာကြေး ထပ်မယူဘဲ မေတ္တာဖြင့် တခါတည်း ညွှန်ကြားပေးသွားမှာပါ (မပြောဖြစ်ခဲ့ရင် လိုချင်ရင်တောင်းပါနော်) အချစ်ရေးမှာ အရှုပ်အထွေးတွေနဲ့ ရစ်ပတ်နေသူများ စိတ်ညစ်လို့ တစ်ယောက်ယောက်ကို ရင်ဖွင့်ချင်သူများ ဘယ်လို ဆက်လုပ်ရမလဲဆိုတဲ့ အဖြေကို လိုချင်သူများ အကြိုက်လာရစ်ပြီး အချစ်ရေး အရှုပ်လေးတွေကို အတူတူ လာရှင်းထုတ်လိုက်ရအောင်🖤 အချစ်ရေးမှ မဟုတ်ဘဲ မိမိနှင့်ပတ်သက်တဲ့ သိလိုရာကိုမေးလို့ရပါတယ်နော် Package မှာ အခြားသူကိုယ်စား မေးပေးလို့မရပါ

35000 MMKExplore

ယတြာအစီအရင်များ

လူကြိုက်အများဆုံး ယတြာအစီအရင်များ

အဓိဌာန်ပွဲထိုးခြင်း

အဓိဌာန်ပွဲထိုးခြင်း

အဓိဌာန်ပွဲထိုးခြင်း ဒေးစွန်ပါတောင်တော် က မဏိကုဏ္ဍလ သိုက်ချုပ် ဘိုးဘိုးကြီးထံ တိုင်တည်ပြီး ထိုးတဲ့ပွဲဖြစ်ပါတယ် ဒီပွဲကတော့ ပညာရေး၊နိုင်ငံခြား၊အလုပ်၊အင်တာဗျူး စတာတွေအတွက် သီးသန့်ပါ အဓိဌာန်ပွဲဖြစ်ပါတယ် ၃လအတွင်း ထူးခြားခဲ့ရင် နောက်တစ်ပွဲပြန်ပေးရမှာပါ သိုက် အဆက်အနွယ်များ နှင့် အဘဘိုးမင်းခေါင် တို့၏ သားတော် သမီးတော်များဆိုရင် ပိုပြီး သိသာ ထူးခြားသလိုပိုပြီးလည်း အပ်သင့်ပါတယ် စျေးနှုန်းက 190000ks ယတြာဖယောင်းတစ်ကြိမ်စာ ပါပါတယ် Wallpaper ယတြာလည်းပါပါတယ်ရှင် ပွဲကတော့ အိမ်မှာပဲထိုးပေးတာပါ တစ်ပွဲနဲ့ကျ ဒေးစွန်ပါထိ သွားဖို့တွေက အဆင်မပြေတာမို့ ပွဲတစ်ပွဲရတိုင်း တစ်ခါ ပိုက်ဆံဖယ်ဖယ်ထားပြီး သတ်မှတ်ပွဲ အရေအတွက်ရပြီးရင် တစ်ခါ ပြန်သွားပြီး စုပေါင်းပွဲ တစ်ခါထပ်ပေးပါတယ်ရှင်

190000 MMK
🌟 ကံမြင့် ကံမြှင့် ဿာသနာပွဲ ✨

🌟 ကံမြင့် ကံမြှင့် ဿာသနာပွဲ ✨

🌟 ကံမြင့် ကံမြှင့် ဿာသနာပွဲ ✨ အဓိကက ကုသိုလ်ကောင်းမှု့တစ်မျိုး ပြုလုပ်ခြင်းပါပဲ နေ့စဉ်နဲ့အမျှ ကောင်းမှု့ပြုတာတွေလည်းရှိမယ် မထင်မှတ်ဘဲ မရည်ရွယ်ဘဲ မကောင်းတာတွေလည်းလုပ်မိနိုင်တယ် ကိုယ်တိုင်မသိဘဲကိုယ့်ကံကိုနိမ့်စေတဲ့အရာတွေလုပ်မိတတ်တယ် အဲ့လိုအချိန်တွေမှာ အဆင်မပြေတာတွေများလာမယ် ကိုယ့်အတွက်အဆင်ပြေခဲ့တာတွေ အေးဆေးဖြစ်စေတဲ့အရာတွေကတောင် ခက်ခဲလာတာ စိတ်ရှုပ်စေလာတာမျိုးဖြစ်တတ်လာမယ် ကိုယ်မလုပ်တာတွေအတွက် ဖြေရှင်းပေးရတာတွေ ခေါင်းခံရတာတွေ ကိုယ့်အနီးအနားကလူတွေ ကိုယ်ချစ်ရတဲ့သူတွေကတောင် မယုံတာမျိုးတွေ ပစ်ထားတာမျိုးတွေနဲ့ စိတ်ညစ်စေတာမျိုးတွေထိ ဖြစ်လာတတ်တယ် ပွဲထိုးတာက ယတြာတော့ပါဝင်ပေမယ့် အစီအရင်လိုတော့ မဟုတ်ဘူး တစ်ခုခုဖြစ်ချင်တယ် တစ်ခုခုဖြစ်လာအောင်လုပ်မယ်ဆိုတာမျိုးမဟုတ်ဘဲ တစ်ခုမက မိမိကံတွေကောင်းလာချင်တဲ့အခါ အတိတ်ဆိုး နိမိတ်ဆိုးနဲ့ ကံဆိုးတွေ ဝေးစေဖို့ ကံကောင်းစေဖို့ ကံမြင့်စေဖို့နဲ့ အခွင့်အလမ်းပေါများလာခြင်းနဲ့အတူ မျက်နှာပွင့် လာဘ်ပွင့်စေဖို့အတွက် အထောက်အကူပေးပါတယ် ပွဲအပ်လျှင် ယတြာဖယောင်းအစီအရင် တစ်ကြိမ်စာ ပါပါတယ် Wallpaper free ပါပါတယ် 🔮💸 ပွဲတစ်ပွဲ – 110000ks 🕊️ ယုံကြည်မှုနဲ့ ကြိုးစားချင်သူတွေသာ ပြုလုပ်ဖို့ပြောချင်ပါတယ် 🪷 Laurel’s Tarot မှ ချစ်ခြင်း ၊ အမှန်တရားနဲ့ အကောင်းဆုံးကြိုးစားပေးနေပါတယ် ပွဲထိုးလိုက်မှကံမြင့်တာမဟုတ်ပါဘူး အခြားကုသိုလ်ကောင်းမှူ့တွေလည်းပြုလုပ်နိုင်ပါတယ်

110000 MMK
Lunar Witchcraft Ritual

Lunar Witchcraft Ritual

ဖြစ်ချင်တဲ့ ဆန္ဒ၊ အကြောင်းအရာကိုသာ Laurel ကို ပွင့်ပွင့်လင်းလင်း ပြောပြပေးပါ ရနိုင်၊ မရနိုင်ဆိုတာကို Laurel ဘက်က သေချာ စိစစ်ပြီး ပြန်ပြောပေးပါမယ်ရှင် စျေးနှုန်း 150000ks/200000ks နာမည် အတိုင်းပဲ witchcraft နဲ့ အတူ lunar phase ကိုကြည့်ပြီး ပြလုပ်ရတဲ့ ritual ပါ astrology ပိုင်းနဲ့ချိတ်ဆက်ထားပါတယ် Witch ဆိုလို့ မကြောက်သွားပါနဲ့ eclectic witch ပါပဲ သဘာဝတရားရဲ့ စွမ်းအင်ကို အမိအရ ဖမ်းယူတဲ့ အစီအရင် တစ်ခုပါ ၃ရက် ဆက်တိုက် ပြုလုပ်ရတဲ့ ယတြာဖြစ်ပါတယ် 🎞️ တစ်လတိတိထားရမယ့် ကိုယ်ပိုင် သီးသန့် sigil wallpaper လည်းပေးမှာပါ 🌝Laurel ဘက်က အစအဆုံး ပြုလုပ်စီရင် ပေးတာပါ အပ်တဲ့သူဘက်က ဆောင်ရန်ရှောင်ရန် တချို့တော့လိုက်လုပ်ရပါတယ် 🌝အသုံးပြုထားတဲ့ herbs,crystals & ects… များကို Client တွေဆီ delivery နဲ့ပြန်ပို့ပေးပါတယ် လိုအပ်တာအကုန်ရှင်းပြပေးမှာပါ 🐚Client များသိမ်းထားဖို့ ယူဖို့ အဆင်မပြေရင်လည်း Laurel က name & date မှတ်ထားပြီး သိမ်းထားပေးမှာပါ ကိုယ်စားလည်းစွန့်ပေးပါတယ် သီးသန့် fees ထပ်ပေးဖို့ မလိုပါဘူး 🐚 အမြန်ဆုံး ၇ ရက်မှ အကြာဆုံး ၄၅ ရက်အတွင်း ထူးခြားနိုင်ပါတယ် တခုမဟုတ်တခုတော့သေချာထူးနိုင်ပါတယ် ကံမြှင့်ခြင်းပါတွဲထည့်ပေးထားလို့ ကံလည်းတက်စေပါတယ်

150000 MMK
Candle Ritual

Candle Ritual

Laurel ဆီက နာမည် အကြီးဆုံး လူကြိုက်အများဆုံး ယတြာ အစီအရင်ပါ ၄၊ ၅နှစ်ဆက်တိုက် ဒီတမျိုးတည်းသီးသန့် လုပ်ခဲ့တာပါ ဘယ်အကြောင်းအရာအတွက် သီးသန့်ကောင်းတာမျိုးဆိုပြီး မဟုတ်ပါဘူး ဘယ်အကြောင်းအရာအတွက်ဆိုပြီး ပြောပြီး အပ်ရတာပါ မနက် ၄ ရက် ည ၄ ရက် ကစယူရပါတယ် စျေးနှုန်း ၃၅၀၀၀ ကျပ် တလစာ ၁၃၀၀၀၀ ကျပ် (အတော်အဆင်မပြေနေသူက တလစာယူပါ) ယတြာ စတဲ့နေ့မှာ ထားဖို့ Wallpaper ယတြာပေးပါတယ် Laurel ကိုယ်တိုင်ထွန်းပေးပြီး အစအဆုံးလုပ်ပေးပါတယ် ညဘက် ၄ရက်ကို ထွန်းထားတဲ့ပုံကိုဆုတောင်းဖို့ပြန်ပို့ပေးပါတယ် ဆုတောင်းဖို့နဲ့ ဆောင်ရန် ရှောင်ရန် ပြောပေးပါတယ် ယတြာဖယောင်းလေးတွေက Manifest လုပ်သလိုမျိုးနဲ့ ဆင်ပါတယ် တကယ့် Manifestation က "ဖြစ်ကိုဖြစ်ပြီ" လို့ တွေးတာမျိုးဆိုရင် ဒီအစီအရင်ကတော့ "ဖြစ်ပါစေ" လို့ ဆုတောင်းပေးတာမျိုးပါ အစီအရင်အပ်ပြီး တန်းလုပ် တန်းထူးမျိုး မဟုတ်ဘဲ ၁၀ ရက်မှ ၁၅ ရက်အထိ စောင့်ကြည့်ရပါမယ် အများစု အဆင်ပြေကြပြီး တချို့ကတော့ နှစ်ခါ သုံးခါပြန်လုပ်ရတတ်ပါတယ် Ex back / Crush / Situationship: အပ်နှံသူရော၊ တစ်ဖက်လူပါ နှစ်ယောက်စလုံး Single ဖြစ်ရပါမည် (သူများရည်းစား၊ သူများအိမ်ထောင် ဖျက်တာမျိုး လုံးဝမလုပ်ပေးပါ လိမ်ညာပြီး အပ်နှံခဲ့ပါကလည်း အစွမ်းမထက်စေဖို့ ဆုတောင်းပါတယ်ရှင်)

35000 MMK